CERTIFICATIONS

ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု

COTTO သည် ထိုင်းနိုင်ငံတွင် နိုင်ငံတကာစံနှုန်းမီအသိအမှတ်ပြုလက်မှတ်၏ အရေးပါမှုကို ပထမဦးဆုံး ကြိုတင်သိမြင်ခဲ့သူဖြစ်သည်။ ကျွန်ုပ်တို့သည် ထုတ်လုပ်မှုစံနှုန်း၊ ကုန်ပစ္စည်းအရည်အသွေး၊ ပတ်ဝန်းကျင်ဆိုင်ရာသက်ရောက်မှု၊ ကုန်ပစ္စည်းတင်ပို့မှုစံနှုန်း စသည်တို့ကို အလေးထားဆောင်ရွက်ပါသည်။ COTTO ၏ ကုန်ပစ္စည်းမြောက်များစွာတို့သည် ထုတ်ဝေဖြန့်ချိရေးမပြုမီ ဝယ်သူများ၏ယုံကြည်အားထားမှုကို ရရှိထားပြီးဖြစ်ရမည်။ COTTO သည် အောက်ပါအတိုင်း စံနှုန်းထောက်ခံချက်နှင့် ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများမှပေးအပ်သောအသိအမှတ်ပြု လက်မှတ် များစွာ ရရှိခဲ့ပြီးဖြစ်သည်။

နိုင်ငံတကာစံနှုန်း

နိုင်ငံတကာပြိုင်ဆိုင်မှုအတွက် ကမ္ဘာ့အဆင့်မီစံနှုန်းဆီသို့ လှမ်းတက်ခြင်း။

SCG Eco Value

ISO 14021 စံနှုန်းနှင့်အညီ SCG ၏ ထုန်ကုန်နှင့်ဝန်ဆောင်မှု၏ ပတ်ဝန်းကျင်ဆိုင်ရာ ကိုယ်တိုင်တံဆိပ်ကပ်ထားခြင်း။

Water Mark

Standards Australia Limited သြစတြေးလျနိုင်ငံ မှ သန့်စင်ခန်းပစ္စည်းများနှင့် ရေစနစ်နှင့် သက်ဆိုင်သော ဆက်စပ်ပစ္စည်းများအတွက် လုပ်ငန်းတူအုပ်စု၏စံနှုန်းမီအသိအမှတ်ပြုလက်မှတ် (Industry Standard Certification) ရရှိထားခြင်း။

Water Efficiency Labeling and Standard (WELS) Scheme

သြစတျေးလျနိုင်ငံအစိုးရ၏ Water Consumption Saver Stars ထောက်ခံချက်ကို ရရှိထားခြင်း။

BPS

COTTO သည် ဖိလစ်ပိုင်နိုင်ငံမှ ကုန်ပစ္စည်းစံနှုန်းဗျူရို၏ အသိအမှတ်ပြုခြင်းကို ရရှိထားပြီးဖြစ်သည်။ ဖိလစ်ပိုင်စံနှုန်း အရည်အသွေးအသိအမှတ်ပြုအမှတ်အသား (သို့) PS Mark ဖြင့် ကုန်ပစ္စည်း အရည်အသွေးကို အသိအမှတ်ပြုပါသည်။ ဖိလစ်ပိုင်နိုင်ငံသည် ဖိလစ်ပိုင်စံနှုန်း အရည်အသွေး အသိအမှတ်ပြုအမှတ်အသား (PS Mark) ကို ပိုင်ဆိုင်သည်။ စံသတ်မှတ်ချက်များကို ပြည့်မီပြီး ဆက်လက်ပြည့်မီရန်သေချာမည့် ကုန်ပစ္စည်းများအတွက်ကိုသာ ဤဆုတံဆိပ်ကို ထုတ်ပေးပါသည်။

MS SIRIM

ကုန်ပစ္စည်းတစ်ခုတွင် Malaysia Standard (MS) Mark ရှိနေခြင်းက (သို့) ဆက်နွယ်နေခြင်းက ထိုကုန်ပစ္စည်းများအား ကောင်းမွန်သောကြီးကြပ်မှု၊ ထိန်းချုပ်မှုနှင့်စမ်းသပ်မှုစနစ်တစ်ခုအောက်တွင် ထုတ်လုပ်ထားကြောင်း အာမခံချက်ရှိစေပါသည်။ ၎င်းတို့ကို ထုတ်လုပ်မှုကာလအတွင်း ဆောင်ရွက်ခြင်းဖြစ်ပြီး SIRIM ဒီဇိုင်း၏ အသိအမှတ်ပြုခြင်းဆိုင်ရာအစီအစဉ်များအရ ထုတ်လုပ်သူတို့၏အလုပ်ကို အချိန်ကာလအလျောက်စိစစ်ဆောင်ရွက်ခြင်းတို့လည်း ပါဝင်သည်။ ဤသို့ဖြင့် Malaysia Standard အား လိုက်နာနိုင်ခြင်းကို သေချာစေပါသည်။

CARBON LABEL

ကာဗွန်လေဘယ်လ် ဆိုသည်မှာ ကုန်ပစ္စည်းသက်တမ်းတစ်လျှောက်လုံး ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှုပမာဏကို စားသုံးသူတို့အား အသိပေးရန် ကုန်ပစ္စည်းများပေါ်တွင် ကပ်ထားသော အမှတ်အသားတစ်ခုဖြစ်သည်။ ထိုအညွှန်းက စားသုံးသူတို့အား ဝယ်ယူရန်ဆုံးဖြတ်ချက်ချရန်၊ နှင့် ထုတ်လုပ်သူတို့၏ထုတ်လုပ်မှုနည်းပညာအား ပိုမို၍ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်စေရန် ပြုပြင်မွမ်းမံစေခြင်း တို့အတွက် အထောက်အကူပြုစေသည်။ ပို၍အရေးကြီးသည်မှာ ၎င်းက ကုန်အမှတ်တံဆိပ်အတွက် ကမ္ဘာလုံးဆိုင်ရာဈေးကွက်ပြိုင်ဆိုင်နိုင်မှုစွမ်းအားကိုလည်း ပိုမိုတိုးမြင့်စေ သည်။ လက်ရှိတွင် ဤ ကာဗွန်ဖူ့(တ်)ပရင့်(တ်)လေဘယ်လ်ကို ယူနိုက်တတ်ကင်းဒမ်း၊ ပြင်သစ်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ ဂျပန် နှင့် ကိုးရီးယား စသော နိုင်ငံများတွင် စတင်အကောင်အထည်ဖော်နေပြီဖြစ်သည်။

LEED

LEED အောက်ရှိ ရေရှည်တည်တံ့သော ဗိသုကာပညာအတွက် ကျွန်ုပ်တို့၏ ဆန်းသစ်တီထွင်ထုတ်ကုန်များ

LEED ဆိုသည်မှာ အဆောက်အဦး(သို့)ဆောက်လုပ်ရေးလုပ်ငန်းများ၏ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်မှုကို အကဲဖြတ်တိုင်းတာသည့် ကမ္ဘာ့တစ်ဝှမ်းအသုံးပြုပြီး လူကြိုက်များသော စနစ်တစ်ခုဖြစ်သည်။ U.S. Green Building Council (USGBC) မှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး LEED သည် ဆောက်လုပ်ရေးလုပ်ငန်းအရင်းအမြစ်များဖြစ်သော စွမ်းအင်၊ ရေ၊ ဆောက်လုပ်ရေးပစ္စည်းများအသုံးပြုခြင်းကို ပိုမိုထိရောက်စွာအကျိုးရှိစေရန် ရည်ရွယ်ပါသည်။ ၎င်းတွင် အဆောက်အဦးသက်တမ်းတစ်ခုလုံးရှိအဆင့်တိုင်း၏ အရေးပါမှုကို ထည့်သွင်းစဉ်းစားပါသည်။ (အရွယ်အစားရွေးချယ်ခြင်း၊ ဒီဇိုင်း၊ ဆောက်လုပ်ရေး၊ လုပ်ငန်းလည်ပတ်မှု၊ ပြုပြင်ထိန်းသိမ်းခြင်း၊ ဒီကွန်စထရက်ရှင်လုပ်ခြင်း)

LEED မှ အသိအမှတ်ပြုထောက်ခံစေရန်၊ ထိုတိုင်းတာမှုစနစ်၏ သတ်မှတ်ရမှတ်ကို ရသည်အထိ အဆောက်အဦး၏ အရည်အသွေးနှင့်ယုံကြည်စိတ်ချရမှုကို မြှင့်တင်နိုင်ရမည်။ ထိုတိုင်းတာမှုစနစ်၏ တိုင်းတာချက်များကို အဓိက 7 မျိုး ပိုင်းခြားနိုင်သည်။

Regional Priority

အမေရိကန်ပြည်ထောင်စုတွင်သာ ရရှိနိုင်ခြင်း

LEED တွင် အသိအမှတ်ပြုအဆင့် 4 ဆင့်ရှိသည်။ ဆောင်လုပ်ရေးလုပ်ငန်းတစ်ခု၏ စုဆောင်းရရှိခဲ့သည့်ရမှတ်အပေါ်တွင် မူတည်သည်။ အသိအမှတ်ပြုအဆင့်ပိုမြင့်ခြင်းက အဆောက်အဦးအား ပိုမိုထိရောက်စွာအကျိုးရှိပြီးရေရှည်တည်တံ့သည်ဟု ညွှန်းဆိုခြင်းဖြစ်သည်။

အသိအမှတ်ပြုခြင်းအဆင့်
ရမှတ်များ
အသိအမှတ်ပြု
40-49
ငွေ
50-59
ရွှေ
60-79
ပလတ်တီနမ်
80-110

ထို့အပြင် ရှုပ်ထွေးလှသော အသိအမှတ်ပြုလုပ်ငန်းစဉ်အတွက် LEED မှ အသိအမှတ်ပြုခြင်းကို အမျိုးအစားများစွာ ခွဲခြားထားသည်။ ဆောက်လုပ်ရေးနှင့်အဓိကပြုပြင်မွမ်းမံရေးအတွက် LEED ၊ ရှိပြီးသာအဆောက်အဦးအတွက် LEED - လုပ်ငန်းလည်ပတ်မှုနှင့်ပြုပြင်ထိန်းသိမ်းခြင်း၊ စီးပွားလုပ်ငန်းသုံးအတွင်းပိုင်းအတွက် LEED ၊ အတွင်းနှင့်အခွံ (Core and Shell) အတွက် LEED ၊ ဆက်စပ်နေရာများဖွံဖြိုးရေးအတွက် LEED ၊ စာသင်ကျောင်း၊ဈေးဆိုင်နှင့်ကျန်းမာရေးစောင့်ရှောက်မှုဌာနများအတွက် LEED ၊ အိမ်အတွက် LEED တို့ဖြစ်သည်။

SCG က LEED ကို မည်ကဲ့သို့ ထောက်ကူသနည်း။

ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သောအဆောက်အဦးတစ်ခု ရရှိရန်အတွက် လုံးဝအရေးပါသော အကြောင်းအချက် တစ်ခုမှာ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော ဆောက်လုပ်ရေးသုံးကုန်ကြမ်းနှင့် ထုတ်ကုန်ပစ္စည်းများပင်ဖြစ်သည်။ ဤအချက်ကို ကျွန်ုပ်တို့ဂရုစိုက်ကြောင်းပြသရန်နှင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သောအဆောက်အဦးဖွံဖြိုးရေးတွင် ကျွန်ုပ်တို့ပူးပေါင်းဆောင်ရွက်ကြောင်းပြသနိုင်ရန် အတွက် SCG သည် ဤအမျိုးအစားအဆောက်အဦးများအားထောက်ခံအားပေးခြင်းကို အထူးပြုသော ကမ္ဘာ့အဆင့်မီအဖွဲ့အစည်းတစ်ခုဖြစ်သည့် U.S. Green Building Council (USGBC) တွင် အဖွဲ့ဝင် အဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။ SCG သည် LEED ၏တိုင်းတာချက်များအရ ထည့်သွင်းစဉ်းစားမည့်ရမှတ် အကောင်းဆုံးရရန်အတွက် အရေးကြီးသောကုန်ပစ္စည်းအချက်အလက်များရှာဖွေရယူရာတွင်လည်း LEED ကို ထောက်ကူပါသည်။

SS

Sustainable Site

ရေရှည်တည်တံ့သောလုပ်ငန်းနေရာတစ်ခုတွင် အဆောက်အဦးပတ်ဝန်းကျင်ကို ဆိုးကျိုး သက်ရောက်မှုနည်းခြင်း၊ ကိုယ်ပိုင်ကားအသုံးပြုမှုလျှော့ချခြင်း၊ လွတ်လပ်သော အစိမ်းရောင် ဧရိယာ တိုးမြှင့်ခြင်း၊ ရေးကြီးမှုလျှော့ချခြင်း၊ မြို့ပြအပူလွန်ကဲမှုလျှော့ချခြင်း နှင့် အလင်းရောင်ညစ်ညမ်းမှု လျှော့ချခြင်းတို့ ပါဝင်ကြသည်။ SCG ၏ထုတ်ကုန်ပစ္စည်းများက အစိမ်းရောင်ဧရိယာတိုးမြှင့်ခြင်း၊ ရေကြီးမှုလျှော့ချခြင်း၊ နှင့် မြို့ပြအပူလွန်ကဲမှုလျှော့ချခြင်းတို့ကို ထောက်ကူနိုင်သောကြောင့် SCG သည် SS အပေါ်တွင် အရေးပါမှုကို ရရှိထားသည်။

WE

Water Efficiency

ရေကိုထိရောက်မှုရှိစွာအသုံးပြုခြင်းတွင် လန်းစကေ့ဗ်ဗိသုကာနယ်မြေမှ ပိုက်ရေအသုံးပြုမှုလျှော့ချခြင်း၊ အိမ်သာရေဆွဲချခြင်းမှ ပိုက်ရေအသုံးပြုမှုလျှော့ချခြင်း၊ အဆောက်အဦးအတွင်းရေအသုံးပြုမှု လျှော့ချခြင်းတို့ ပါဝင်သည်။ WE နှင့်တကွ SCG ထုတ်ကုန်ပစ္စည်းများကို ရေအသုံးပြုမှုနည်းပါးစေရန် အထူးဒီဇိုင်းထုတ်ထားရုံသာမက လုပ်ဆောင်ချက်အရည်အသွေးလည်း မြင့်မားသည်။ ရလဒ်အနေဖြင့် ကျွန်ုပ်တို့၏ ထုတ်ကုန်ပစ္စည်းများသည် ဤတိုင်းတာချက်ကို ကောင်းစွာပြည့်မီနိုင်ပါသည်။

EA

Energy & Atmosphere

စွမ်းအင်နှင့်လေထုတွင် အဆောက်အဦး၏စွမ်းအင်အသုံးချမှုလျှော့ချခြင်း၊ ပြန်လည်အသုံးပြုနိုင်သော စွမ်းအင်ကို ပိုမိုအသုံးပြုခြင်း၊ အဆောက်အဦး၏စွမ်းအင်အသုံးပြုမှုကို စနစ်တကျစစ်ဆေးခြင်း၊ ဆိုးကျိုးသက်ရောက်မှုနည်းသော ရေခဲသေတ္တာ နှင့် ပြန်လည်အသုံးပြုနိုင်သောစွမ်းအင်ကို ဝယ်ယူ သုံးစွဲခြင်း တို့ ပါဝင်သည်။ SCG နှင့် LEED တို့သည် လွန်ခဲ့သောအချိန်များစွာကတည်းက စွမ်းအင်ကိစ္စကို အထူးဦးစားပေးခဲ့ကြပါသည်။ ထို့ကြောင့် SCG ထုတ်ကုန်ပစ္စည်းများဖြစ်သော ဆောက်လုပ်ရေးပစ္စည်း နှင့် လန်းစကေ့ဗ်ဗိသုကာများကို စွမ်းအင်အသုံးပြုမှုလျှော့ချရန် နှင့် လူတို့အတွက် သာယာဖွယ် ကောင်းသော လေထု ကို ဖန်တီးပေးရန် ထုတ်လုပ်ထားခြင်းဖြစ်သည်။

MR

Material & Resources

သုံးထားသောပစ္စည်းနှင့်အရင်းအမြစ်များတွင် ပြန်လည်အသုံးပြရန်စွန့်ပစ်ပစ္စည်းများခွဲခြားခြင်း၊ အဆောက်အဦး(သို့) အပိုင်းအစများကို ပြန်လည်အသုံးပြုခြင်း၊ ဆောက်လုပ်ရေးစွန့်ပစ်ပစ္စည်းများ လျှော့ချခြင်း၊ ပြန်လည်သုံးစွဲနိုင်မည့် ရီစိုင်ကယ်လ်ပစ္စည်းများအသုံးပြုခြင်း၊ ဒေသတွင်းပစ္စည်းများ သုံးခြင်း၊ အစားထိုးပစ္စည်းများသုံးခြင်း၊ ခွင့်ပြုထောက်ခံချက်ရှိသည့်သစ်တောမှရသော သစ်သားများ ကိုအသုံးပြုခြင်း တို့ ပါဝင်သည်။ ထုတ်လုပ်ရေးအတွက် သဘာဝအရင်းအမြစ်ကိုထိုက်တန်စွာ အသုံးပြုခြင်းသည် SCG ၏ စီးပွားရေးအတွေးအခေါ်တစ်ခုအဖြစ် ကြာမြင့်စွာခံယူထားပြီဖြစ်သည်။ ထို့ကြောင့် ဒေသတွင်းပစ္စည်းများအသုံးပြုခြင်း၊ ကုန်ပစ္စည်းအသစ်တီထွင်ရာတွင် ပြန်လည် အသုံးပြုနိုင် မှု အသိပညာကို အသုံးချခြင်း၊ ပစ္စည်းအသုံးပြုမှုအရည်အသွေး ဆက်လက်မြင့်မားစေခြင်း စသည်တို့ကို SCG က အစဉ်အဆက်မပြတ် ဆက်လက်ထူထောင်ပြီး ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်နေ သောကြောင့် LEED ၏ MR တိုင်းတာချက်ကို ကောင်းစွာပြည့်မီစေပါသည်။

Download เอกสาร