HISTORY

ဒီဇိုင်းနှင့်အရည်အသွေးမြင့်ကုန်ပစ္စည်းများမှတစ်ဆင့် တန်ဖိုးဖန်တီးခြင်း

1979 ခုနှစ်မှစ၍ SCG Group သည် မိုဇစ်(ခ်)ကြွေပြားများ စတင်ထုတ်လုပ်လာကြပြီး ဥရောပ၊ အမေရိကန်၊ နှင့် ဂျပန်သို့ တင်ပို့ခဲ့ကြသည်။ ဤအရာကပင် COTTO အမှတ်တံဆိပ်ကို မှတ်ကျောက်တင်နိုင်ခဲ့ပြီး ယနေ့ထိတိုင် ကြွေပြားစီးပွားရေးလုပ်ငန်းများ ဆက်လက်လည်ပတ်နေစေပါသည်။

1984 နှင့် 1987 ခုနှစ်များတွင် COTTO နှင့် Toto (Japan) Co., Ltd တို့သည် ကမ္ဘာ့ထိပ်တန်းသန့်စင်ခန်းပစ္စည်းထုတ်လုပ်သူများဖြစ်ကြသည်။ လှပတင့်တယ်ပြီး အရည်အသွေးမြင့်မားသည့် သန့်စင်ခန်းပစ္စည်းများ၊ ရေပိုက်ခေါင်းများ ထုတ်လုပ်ဖြန့်ချိရေးအတွက် ဖက်စပ်လုပ်ငန်းတစ်ခု အတူတကွတည်ထောင်ခဲ့ကြသည်။

2009 ခုနှစ်တွင် COTTO STUDIO ကို ပထမဦးဆုံးတည်ထောင်ခဲ့သည်။ ကြွေပြားအမျိုးမျိုး၊ သန့်စင်ခန်းပစ္စည်းများ နှင့် ရေပိုက်ခေါင်းများ တည်ရှိရာနေရာ နှင့် ဝယ်သူများ၏ မတူညီ၊ ကွဲပြားသည့် ကြိုက်နှစ်သက်မှုများကို ကောင်းစွာတုံ့ပြန် ဖြေရှင်းပေးနိုင်မည့် နေရာပင် ဖြစ်သည်။

2012 ခုနှစ်မှစ၍ COTTO သည် ကမ္ဘာလုံးဆိုင်ရာအမှတ်တံဆိပ်တစ်ခုအဖြစ်သို့ နောက်ခြေလှမ်းကြီးတစ်ခု ထပ်လှမ်းနိုင်ခဲ့သည်။ Milan Design Week နှင့် နိုင်ငံတကာလူငယ် ဒီဇိုင်နာများ ၏ပြပွဲတို့တွင် နှစ်အလိုက် ပါဝင်ဆင်နွှဲခြင်းဖြင့် “ခေတ်ရေစီးကြောင်းအသစ်ချမှတ်သူ” အဖြစ် နေရာယူနိုင်ခဲ့သည်။ 2015 ခုနှစ်တွင် COTTO သည် ကမ္ဘာ့နာမည်ကျော် အီတလီဒီဇိုင်နာတစ်ဦးနှင့်ဲပူးပေါင်းလက်တွဲကာ Piero Lissoni က ဖက်ခ်ျဝေါ့ရ်ခ် ကော်လက်ရှင် ကို စတင်ချပြခဲ့ပါသည်။ ၎င်းကြောင့် ဒီဇိုင်းလုပ်ငန်းလောကတွင် အလွန်းအမင်းအမွှမ်းတင်ခြင်းခံခဲ့ရပါသည်။