GREEN VISION & INNOVATION

အစိမ်းရောင် မျှော်မှန်းချက်၊ ရေရှည်တည်တံ့သော ကုန်အမှတ်တွဆိပ် မျှော်မှန်းချက်

Green Vision & Innovation

COTTO သည် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သောကုန်ပစ္စည်းများကို အဆက်မပြတ် ပံ့ပိုးပေးနေသည်။ ဥပမာ - ECO COTTO အမှတ်တံဆိပ်မှ ကုန်ပစ္စည်းများသည် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သော ထုတ်လုပ်ခြင်းမှရရှိပြီး အထူးသဖြင့် SCG ၏ 'SCG eco value' label ဖြင့် ထောက်ခံချက်ရရှိထားပါသည်။ SCG က ၎င်း၏ ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သောကုန်ပစ္စည်းအဖြစ် ထောက်ခံချက်ပေးခဲ့သည့် ထိုင်းနိုင်ငံ၏ပထမဦးဆုံး ကော်ပိုရေးရှင်းဖြစ်သည်။ 'SCG eco value' ရှိသော ကုန်ပစ္စည်း(သို့)ဝန်ဆောင်မှုများကို ပတ်ဝန်းကျင်အားဆိုးကျိုးသက်ရောက်မှု တတ်နိုင်သမျှ အနည်းဆုံး ဖြစ်စေမည့် အထူးထုတ်လုပ်ရေးလုပ်ငန်းစဉ်ဖြင့် ထုတ်လုပ်ရမည်ဖြစ်သည်။ ၎င်းအပြင် ဤကုန်ပစ္စည်းများ သည် ISO 14021 ကိုလည်း လိုက်နာမှုရှိရမည့်အပြင် SCG board ၏ အတည်ပြုခြင်းကိုလည်း အောင်မြင်စွာရရှိထားရမည်ဖြစ်သည်။

'SCG eco value' မှ ထောက်ခံချက်ရရှိပြီး လက်ရှိတွင် ECO COTTO's ၏ဈေးကွက်တွင်ရှိသော ကုန်ပစ္စည်းများမှာ -

  • COTTO Eco Tiles: Eco Rockrete နှင့် Eco Touch models, ပြန်လည်အသုံးပြုနိုင်သည့် ရီစိုင်ကယ်လ်ပစ္စည်း 60% ဖြင့် ပြုလုပ်သည်။
  • COTTO Eco Toilet Dual Flush 3/4.5, ရေချွေတာသောသန့်စင်ခန့်ပစ္စည်းများ၊ ရေတစ်ကြိမ်ဆွဲချလျှင် 3 လီတာ (သို့) 4.5 လီတာ
  • COTTO Eco Faucet, ရေချွေတာနိုင်မှုမှာ (TIS)ထိုင်းနိုင်ငံစက်မှုလုပ်ငန်းစံနှုန်းထက် 40% ပိုမြင့်သည်။

၎င်းတို့အပြင်၊ COTTO သည် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်မှုနှင့် ထိရောက်သောထုတ်လုပ်ရေး လုပ်ငန်းစဉ်တို့အတွက် အထူးဂရုစိုက်သည်။ COTTO သည် ၎င်း၏ ကြွေပြား၊ သန့်စင်ခန်းပစ္စည်းနှင့် ရေပိုက်ခေါင်းထုတ်လုပ်ရေးများအတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်လျှော့ချခြင်းလေဘယ်လ် (CO2 reduction label) ၏ အသိအမှတ်ပြုခြင်းကို ရရှိသည့် ပထမဦးဆုံးအမှတ်တံဆိပ်ဖြစ်သည်။ ထို့အပြင်၊ ရေပိုက်ခေါင်းအားလုံး TIS ကို အောင်မြင်ခဲ့သည့် ပထမဦးဆုံးအမှတ်တံဆိပ်ဖြစ်သည်။ ၎င်းတွင် လူ့ခန္ဓာကိုယ်အတွက် ဘေးကင်းလုံခြုံသော လေးလံသောသတ္တုနှင့်အညစ်အကြေးများဆိုင်ရာ ကန့်သတ်ချက်များလည်း ပါဝင်ပြီးဖြစ်သည်။